AutoCAD 3D

တစ်ခုခု ကို ရှာချင်ရင် ...

Showing posts with label AutoCAD Tips_Tricks. Show all posts
Showing posts with label AutoCAD Tips_Tricks. Show all posts

Wednesday, October 6, 2010

AutoCAD Tips & Tricks (ebooks)

ဒီနေ့တော့ ကျွန်တော့် ဆီမှာ ရှိနေ တဲ့ AutoCAD 2008 Tips and Tricks, AutoCAD 2009 Tips and Tricks, AutoCAD 2010 Tips and Tricks နဲ့ AutoCAD 2011 Tips and Tricks ဆိုတဲ့ ebooks လေးတွေ ကို မျှဝေ လိုက်ပါ တယ်။ အခြား စာအုပ် တွေလို စာအုပ် ထူထူ ကြီး မဟုတ် ပါဘူး။ ပြီးတော့ ရှင်းလင်းချက် လေးတွေ က အင်္ဂလိပ် လို ဆိုပေ မဲ့ လွယ်လွယ် ကူကူ ပေါ့ပေါ့ ပါးပါး လေးတွေ ဆိုတော့ အလုပ် များ ကြတဲ့ AutoCAD user တွေ အတွက် အသုံး ကျကောင်း ကျနိုင် ပါ လိမ့်မယ်။

ရယူရန်...


File Type : PDF
File Size : 5.04 MB


File Type : PDF
File Size : 4.25 MB


File Type : PDF
File Size : 5.81 MB

 
File Type : PDF
File Size : 2.39 MB

တစ်အုပ် ချင်းစီ ခွဲပြီးတော့ တင်ထား ပေးပါ တယ်။ အဆင် ပြေလိမ့် မယ် ထင် ပါတယ်။ မရရင် ပြောထား ပေးပါ။ အခြား လင့်မှာ ထပ်တင် ပေးပါ့မယ်။


စာဖတ်သူအားလေးစားလျက်...
နိုးအိမ်ရှင်

Tuesday, June 8, 2010

Cycle on လေး သုံးကြည့် ရအောင်.....

AutoCAD User တွေအနေနဲ့ Object တွေကို Select လုပ်တာ ကတော့ နေစဉ် လုပ်နေ ကြပါ၊ ဒီလို သုံးတဲ့ အခါ တစ်ခါ တစ်ရံမှာ တစ်ခုထက် မကတဲ့ Object တွေ တစ်နေရာ တည်းမှာ ထပ်နေ ကြရင် လိုချင် တဲ့ Object ကို ဘယ်လို ရွေးကြ မလဲ။ Click လုပ်တိုင်း မှာ အပေါ်မှာ ရှိတဲ့ Object ကိုချည်း ရွေးနေ လို့ ခေါင်းစား နေရင် Cycle on လေး သုံးကြည့် ပါ။ သုံးရ တာလဲ လွယ်ပါ တယ်။
အပေါ်ကပုံမှာ အနီရောင်နှင့် ပြထား တဲ့ နေရာ မှာ Object တွေက ထပ်နေပါတယ်။ အဲဒီလို ထပ်နေတဲ့ Object တွေပေါ်မှာ Click လုပ်ကြည့်ပါ။ လိုချင်တာ မဟုတ် သေးဘူး ဆိုရင် Shift+Spacebar ကို နှိပ်ထား ပြီး ထပ်နေ တဲ့ နေရာ မှာ Click လုပ်ပေး မယ် ဆိုရင် တစ်ခု ခြင်း ဆီကို ပုံမှာ ပြထား သလို ပြောင်းပြီး Select လုပ်ပေး သွားမှာ ပါ။

AutoCAD User များ လိုအပ်တဲ့ Object ကို လွယ်ကူစွာ Select လုပ်နိုင်ကြပါစေ.....
စာဖတ်သူ အား လေးစားလျက်.....
နိုးအိမ်ရှင်

Saturday, June 5, 2010

XDWGFADECTL ( External Reference ၏ အထင်း အမှိန် ကို control လုပ်ခြင်း)

AutoCAD Use တွေ အနေ နှင့် External Reference တွေကို Project ကြီးတွေ မှာ မဖြစ် မနေ သုံးကြ ရပါတယ်။ အဲဒီလို သုံးကြ ရာမှာ External Reference  တွေဟာ မိမိ ဆွဲနေ တဲ့ Current Layer နှင့် အလင်း အမှောင် တူနေ တာကို မတူ အောင် လုပ် တဲ့ System Variablလေး တစ်ခု ပါ။  External Drawing Fade Control ဆိုတဲ့ XDWGFADECTL  ပါ။  External Reference ကို အလင်း အမှောင် ချိန်တဲ့ အခါ မျိုးမှာ AutoCAD User တွေ အတွက် ဒီ System Variable လေးက အသုံး ၀င်စေ မှာပါ။

Sunday, May 30, 2010

PAN tool ဖြင့် Point တစ်ခုမှ Point တစ်ခုသို့ ရွေ့ခြင်း

AuroCAD User တွေ အနေ နှင့် Pan Tool ဟာ ရင်နှီး ပြီးသား ပါ။ command line မှာ p လို့ ရိုက်ပြီး Screen ပေါ်မှာ လက် ကလေး ပေါ်လာ ပြီ ဆိုရင် လိုအပ် သလို ဆွဲပြီး ရွေ့သွား နိုင်ပါတယ်။

ဒါပေမဲ့  တစ်ခါ တစ်ရံမှာ Point တစ်ခုမှ Point တစ်ခုသို့ ဒါမှ မဟုတ် အကွာ အဝေး အတိ အကျ ရွေ့ချင် ရင် ဘယ်လို လုပ်မလဲ။ လွယ်ပါတယ်။ command line မှာ -p လို့ ရိုက်ပြီး Screen ပေါ်မှ စမှတ် ကို Click လုပ် ပြီးရင် ဆုံးမှတ် ကို Click လုပ်ပြီး ရွေ့နိုင်ပါတယ်။

Saturday, May 29, 2010

LAYLOCKFADECTL (lock layer ၏ အထင်း အမှိန် ကို control လုပ်ခြင်း)

ဒီပို့စ်မှာတော့ lock လုပ်ထား တဲ့ layer တွေဟာ Current Layer နှင့် အလင်း အမှောင် တူနေ တာကို မတူ အောင် လုပ် တဲ့ System Variable လေးတစ်ခုပါ။LAYLOCKFADECTL ပါ။ တစ်ခါ တစ်ရံ ဆွဲရမယ့်ပုံက ရှုပ်ထွေးလွန်း နေတက် ပါတယ်။ အဲဒီလို အခါမျိုးမှာ AutoCAD User တွေ အတွက် ဒီ System Variable လေးက အသုံး ၀င်စေ မှာပါ။

Command Line မှာ LAYLOCKFADECTL ဆိုပြီး ရိုက်ထည့် လိုက်ပါ။ ပြီးရင် မှိန်ချင် တဲ့ တန်ဖိုး ကိုပေးပါ။ System variable Range က (-90 to +90) ဆိုပြီးရှိပါတယ်။ System variable ကို (0) နှင့် (0 မှ -90 ထိ) ထားရင် ပြောင်းလဲ ခြင်း မရှိပါ။ (0 မှ +90 ထိ) အထင်း အမှိန် ပြောင်းပေး နိုင်ပါ တယ်။ ဥပမာ 10 ဆိုရင် နဲနဲမှိန်မယ်၊ 30 ဆိုရင် ပိုပြီး မှိန်မယ်၊ 90 ဆိုရင် တော့ အများ ကြီး မှိန်သွား မှာပေါ့။ စာဖတ် သူရဲ့ လိုအပ် ချက်နဲ့ လိုအပ် သလို ချိန်ဆ နိုင်ပါ တယ်။

AutoCAD User များ လိုအပ် သလို အထင်း အမှိန် ချိန်ဆ နိုင်ပါ စေ.....

စာဖတ်သူ အား လေးစား လျက်.....
နိုးအိမ်ရှင်

ဦးစားပေး Dimension (သို့) Dimension Break

AutoCAD User တွေ အဖို့ Dimension တွေဟာ မဖြစ် မနေ သုံးနေ ရမှာ ပါ။ တစ်ခါ တစ်ရံ မှာတော့ Dimension ရဲ့ Extension line တွေဟာ တစ်ခုကို တစ်ခု ဖြတ်သွား တဲ့အခါ Dimension ကို Explode လုပ်ရန် မလိုပဲ  Dimension Brake ကို အသုံး ပြုနိုင် ပါတယ်။
အသုံး ပြုချင် ရင်တော့ Dimension Toolbar ထဲက Dimension Break (အနီရောင်) ကို Click လုပ်ပြီး Break လုပ်ချင်တဲ့ Dimension ပေါ်မှာ Click လုပ်လိုက်ပါ။
AutoCAD User များ အဆင် ပြေနိုင် ကြပါ စေ။
စာဖတ်သူ အား လေးစားလျက်.....
နိုးအိမ်ရှင်

Multi-Column MTEXT

AutoCAD ၂၀၀၈ မတိုင်ခင်မှာ MTEXT မှာ Column တွေ ခွဲလို့ မရ သေးပါ။ ၂၀၀၈ မှ အစ ပြုပြီး MTEXT မှာ Column တွေ ခွဲလို့ ရလာ ပါတယ်။ ဒီလို Column တွေ ခွဲလို့ ရလာ တော့ AutoCAD သမားတွေ အတွက် စာတွေ ရေးသား ရာမှာ ပိုမို ချောမွေ့ လာစေ ပါတယ်။ Column တွေ ခွဲရာ မှာလည်း Dynamic နှင့် Static ဆိုပြီး နှစ်မျိုး ခွဲခြား အသုံး ပြုနိုင် ပါတယ်။

ပြောချင်တာလေးများရှိခဲ့ရင်ပေါ့.....................

Related Posts with Thumbnails

ရှာရတာ လွယ်အောင်လို့ တူရာတူရာ တွေကို ခွဲထား တာပါ ....