AutoCAD 3D

တစ်ခုခု ကို ရှာချင်ရင် ...

Sunday, October 17, 2010

Applying AutoCAD 2010 ebook


ရယူရန်...

File Type : PDF
File Size : 13.8 MB

Applying AutoCAD 2010 ebook ပါ။ လိုအပ်ရင် ယူသွားနိုင်ပါတယ်...

မရီရီမြင့်ရေ.. Madiafire မှာ နောက်ထပ် တင်ပေး ထားပါ တယ် ခင်ဗျာ၊
(အဆင် ပြေလိမ့် မယ် ထင်ပါ တယ်)

စာဖတ်သူအားလေးစားလျက်...
နိုးအိမ်ရှင်

Saturday, October 9, 2010

Dynamic Block လေး လုပ်ကြည့် ကြရ အောင် (၁)

AutoCAD မှာ Block နဲ့ Wblock လုပ်တာ တော့ AutoCAD User တွေ အများ အားဖြင့် သိကြ သလို သုံးလည်း သုံးကြ ပါတယ်။ Dynamic Block ကိုတော့ အများ စု က သိပြီး အသုံး ပြုတဲ့ သူ ရှားမယ် လို့ ထင်ပါ တယ်။ ကျွန်တော့ ရဲ့ အတွေ့အကြုံ အရ လုပ်ငန်း ခွင် တွေထဲ မှာ Dynamic Block ကို ကျယ်ကျယ် ပြန့်ပြန့် မသုံး ကြပါ ဘူး။ ကျွန်တော် လဲ ဟိုး အရင် တုန်းက မသုံး ဖြစ်ခဲ့ ပါဘူး။ အခုတော့ အမြဲလို သုံးဖြစ် နေပါ တယ်။ သုံးရ တာလဲ လွယ်ပြီး မိမိ စိတ်ကြိုက် Action တွေ ထည့်ထား နိုင်လို့ လိုအပ် သလို ပြောင်းလဲ ပြီး အသုံးပြု နိုင်ပါ တယ်။ Dynamic Block တစ်ခုကို စိတ်ရှည် လက်ရှည် နဲ့ သူ့အတွက် လိုအပ်တဲ့ Action လေးတွေ ကို ထည့်ပြီး Create လုပ်ထားရင် အကြိမ်ကြိမ် အခါခါ ပြောင်းလဲ နေတဲ့ Action တွေနဲ့ ပြန်ပြီး သုံးနိုင် တာက Dynamic Block ရဲ့ ထူးခြား ချက်ပါ။ Standard Block တွေလဲ အကြိမ်ကြိမ် အခါခါ ပြန်ပြီး သုံးနိုင်ပေမဲ့ သူတို့မှာ Dynamic Block မှာလို Action မရှိပါဘူး။ ဆိုလို တာက တစ်သမတ် တည်း ပြောင်းလဲမှု မရှိ ပါဘူး။

ဥပမာ အားဖြင့် Door Block တစ်ခု ဆိုပါတော့… Standard Door Block ကို Insert လုပ်ပြီး တံခါးက ဘယ်ဖက်မှာ အဖွင့်ဆိုရင် ညာဖက်ကို ပြောင်းချင် ရင် (သို့) အတွင်း ဖွင့်ကို အပြင် ဖွင့် ပြောင်းချင် ရင် တော့ Mirror Command (သို့) Rotate Command ကို သုံးပြီး ပြောင်းရ ပါမယ်။ ဖွင့်ထား တဲ့ Angle ကို (၉၀ံ) ပေးထား တယ် ဆိုကြ ပါစို့၊ Block ကို Drawing ထဲကို Insert လုပ်ပြီး တံခါး တစ်ခုကို ဖွင့်ထား တဲ့ Angle (၉၀ံ) ရှိစေ ချင်ပြီး အခြား တံခါး တစ်ခုကို ဖွင့်ထား တဲ့ Angle (၄၅ံ) နဲ့ ထားချင်ရင် Block ကို Explode လုပ်ရင်လုပ် ဒါမှမဟုတ် နောက်ထပ် Block တစ်ခု ကို ထပ်ပြီး တော့ Create လုပ်ရ မှာပါ။ အကယ်၍ Dynamic Door Block မှာ Flip Action လေးရယ် Visibility (သို့) Rotate Action လေးရယ် ကို ထည့်ပြီး လုပ်ထား မယ် ဆိုရင် Dynamic Door Block ကို Click လုပ်ပြီး Flip Action လေးကို Click လုပ်မယ် ဆိုရင် ဘယ်ညာ အတွင်း အပြင် တွေကို လိုသလို ပြောင်းနိုင် ပြီး Rotate Action (သို့) Visibility Action လေးကို Click လုပ်ပြီး လိုအပ်တဲ့ Angle ကို ပိုမို လွယ်ကူ မြန်ဆန် စွာနဲ့ လိုအပ် သလို ပြောင်းပေး နိုင်မှာပါ။

မိမိတို့ သုံးနေ တဲ့ Working Environment နဲ့ ကိုက်ညီ စေမဲ့ Dynamic Block တွေကို Create လုပ်ထား မယ် ဆိုရင် တော့ လုပ်ငန်း ခွင် ထဲမှာ ထူးထူး ခြားခြား အသုံး ပြုနိုင် မှာ ဖြစ် သလို မိမိရဲ့ လုပ်ဆောင် နိုင် စွမ်းရည် ကိုလဲ တိုးတက် စေမှာ ပါ။

ဒီနေ့ တော့ အလွယ် ကူဆုံး Visibility နဲ့ Flip Action လေးတွေ သုံးပြီး Dynamic Block လေး တစ်ခု လုပ်ကြည့် ကြရ အောင်ပါ…


၁… အရင်ဆုံး Group of people.dwg ဆိုတဲ့ file လေးကို ဒီမှာ Download လုပ်လိုက်ပါ…

၂… Group of people.dwg ဆိုတဲ့ file လေးကို Open လုပ်ပါ… အဲဒီ Flie ထဲမှာ Group of people (၁၀၀) ကျော် ပါတော့ အခြား နေရာတွေမှာလဲ သုံးလို့ ရတာပေါ့..


၃… အရင်ဆုံး Standard Block လုပ်သလိုဘဲ Command line မှာ b(enter) ကို ရိုက်ပါ
အောက်မှာပေးထားတဲ့ Block Defination ဆိုတဲ့ Dialog Box လေး ပေါ်လာ ပါမယ်…


၎… Name နေရာမှာ Group of people-DYN လို့ ပေးလိုက်ပါ…

၅… Pick Point ကို Click လုပ်ပြီး ထားချင် တဲ့ နေရာ ကို Click လုပ်ပါ..
(ဒီမှာ တော့ 0,0 ကို Command Line ကနေ ရိုက်ထည့် ရပါမယ်)

၆… ပြီးရင် Select object ကို Click လုပ်ပြီး Block လုပ်ချင်တဲ့ Object(s) ကို Select လုပ်ပါ…
(A လို့ Label တပ်ထား တဲ့ ပထမ ဆုံး ပုံကို Select လုပ်လိုက် ပါတယ်)

၇… Setting အောက်မှာ ရှိတဲ့ Block Unit မှာ Millimeter ကို ရွေးပေးပါတယ်…
(ပုံကို ကျွန်တော် Metric Unit နဲ့ Scale ချိန်ထားလို့ပါ)

၈… Convert to Block ကို Select လုပ်ထားပါ…

၉… Ok ကို Click လုပ်ပါ…


အခုဆိုရင် Standard Block တစ်ခု ကို Create လုပ်လို့ပြီးပါပြီ…

၁၀… Command line မှာ i(enter) ကို သုံးပြီး Block ကို Insert လုပ်ကြည့် ပါ…

၁၁… အောက်မှာ ပေးထား သလို Insert Dialog Box ပေါ်လာပါမယ်…


၁၂… Ok ကို Click လုပ်ပြီး လိုချင် တဲ့ နေရာ မှာ Click လုပ်ခြင်း ဖြင့် Standard Block ကို လို သလို အသုံး ပြုနိုင် ပါတယ်…

အခု တစ်ခါ ဆက်ပြီး Standard Block ထဲမှာ Dynamic Action လေးတွေ ထည့်ကြည့် ပါမယ်…

၁၃… Shift+Ctrl+C ကို နှိပ်ပါ… _copybase Specify base point: ဆိုတဲ့ နေရာမှာ ပုံ B အောက်ဖက် နားမှာ Click လုပ်ပေးပါ

၁၄… ပြီးရင် ပုံ B နဲ့ C ကို Select လုပ်လိုက် ပါ
(ပုံ B နဲ့ C ဟာ အခုဆိုရင် Memory ထဲမှာ Paste လုပ်ရန် အသင့် ဖြစ်နေ ပါပြီ)

၁၅… ခုနက Insert လုပ်ထားတဲ့ Group of people-DYN ဆိုတဲ့ Block လေးကို Double Click လုပ်ပါ
(အကယ်၍ မရ လျင် command line မှာ Bedit(enter) ကို ရိုက်ရင် လဲ ရပါ တယ်)

၁၆… အောက်မှာ ပြထား တဲ့ Edit Block Definition ဆိုတဲ့ Dialog Box ကလေး ပေါ်လာ ပါမယ်…




၁၇… Group of people-DYN ကို ရွေးပြီး Ok ကို Click လုပ်ရင် အောက်မှာ ပြထား သလို Block editor ထဲကို ရောက်သွား ပါမယ်…

၁၈… Block editor ထဲက Block Authoring Plettes ပေါ်က ပေါ်မှာ ရှိတဲ့ Visibility ကို Click လုပ်ပါ

၁၉… Specify parameter location မှာ ပုံရဲ့ ဒူးလောက် ကို Click လုပ်ပေး လိုက်ပါ…
(မိမိ လိုချင် တဲ့ နေရာ မှာ ပေးလို့ ရပါ တယ်)

၂၀… ပြီးရင် အောက်က ပုံမှာ ပြထား သလို Visibility States ဆိုတဲ့ Icon ကို Click လုပ်ပါ…
(Command Line မှာ _BVSTATE(enter) ဆိုရင် လည်း ရပါ တယ်)



၂၁… Visibility States Dialog Box မှာ အရင်ဆုံး Rename ကို Click လုပ်ပြီး Group of people-01 လို့ ပြောင်းပေးပါ…

၂၂… ပြီးရင် New ကို Click လုပ်ပါမယ်… New Visibility State Dialig box ကို အောက်ပါ အတိုင်း မြင်ရမှာပါ…




၂၃… Visibility State Name နေရာမှာ Group of people-02 လို့ပေးပြီး Hide all existing objects in new state ကို Click လုပ်ပြီး Ok ကို Click လုပ်ပါ…

၂၄… Visibility States Dialog Box မှာ Ok ကို Click ထပ်လုပ်ပါ…

၂၅… Ctrl+V ကို နှိပ်ပြီး ပုံ B နဲ့ C ကို Paste လုပ်ပါ…
(လောလော ဆယ် လိုချင် တာက ပုံ B တစ်ခုထဲပါ)

၂၆… Shift+Ctrl+C ကို နှိပ်ပါ… _copybase Specify base point: ဆိုတဲ့ နေရာမှာ ပုံ C အောက်ဖက် နားမှာ Click လုပ်ပေးပါ

၂၇… ပြီးရင် ပုံ C ကို Select လုပ်လိုက် ပါ
(ပုံ C ဟာ အခုဆိုရင် Memory ထဲမှာ Paste လုပ်ရန် အသင့် ဖြစ်နေ ပါပြီ)

၂၈... ပြီးရင် ပုံ C ကို ဖျက်လိုက်ပါ...

၂၉… အဆင့် (၁၉ မှ ၂၄ ထိ အတိုင်း Group of people-03 ) ထပ်လုပ်ပါ…

၃၀… Block Editor ကို Close လုပ်ပါ…

၃၁… Block-Changes not saved ဆိုတဲ့ Dialog box မှာ Save the change ကို Click လုပ်ပြီး block ကို Save လုပ်လိုက်ပါ…

အခု ဆိုရင် Visibility ထည့်ထား တဲ့ Dynamic Block တစ်ခု ကို Create လုပ်ပြီး ပါပြီ..
Group of people-DYN ဆိုတဲ့ Dynamic Block ကို Click လုပ်ကြည့်ပါ၊ Visibility States ရဲ့ အမှတ် အသား ဖြစ်တဲ့ အပြာ ရောင် တြိဂံ လေးကို မြင်ရ မှာပါ၊ အဲဒီ တြိဂံလေးကို click လုပ်လိုက်ရင် Group of people-01, Group of people-02, Group of people-03 ဆိုပြီး ပေါ်လာ ပါမယ်၊ အဲဒီမှာ မိမိ လိုချင်တဲ့ ပုံကို ရွေးပေး လိုက်ပါ…

အရင်က ပို့စ်တွေ မှာ ကျွန်တော် တင်ပေး ထားတဲ့ People 1-25, People 26-50, Older People အစရှိတဲ့ Dynamic Block တွေ မှာ ဒီ Visibility States ကို သုံးထား တာပါ။၊



ဆက်ပြီးတော့ Flip Action လေး တစ်ခု ထည့်ကြည့် ကြရ အောင်ပါ…

Block Editor ထဲကို ၀င်ပါ....

၃၂… Block editor ထဲက Block Authoring Plettes ရဲ့ Parameter ပေါ်မှာ ရှိတဲ့ Flip ကို Click လုပ်လိုက်ပါ…
Specify base point of reflection line မှာ 0,0 ကို ပေးပါ…
Specify endpoint of reflection line: မှာ Ortho ကို ဖွင့်ပြီး အပေါ်ဖက် တည့်တည့် ကို Click လုပ်ပါ
Specify label location: မှာ အပေါ် ညာဖက်မှာ ထားပါ (မိမိ ကြိုက်ရာ နေရာ မှာ ထားလို့ ရပါ တယ်)

၃၃… ပြီးရင် Block Authoring Plettes ရဲ့ Action Tab ထဲက Flip ကို Click လုပ်ပါ…
Select parameter: မှာ Flip Label ကို ရွေးပေး လိုက်ပါ…
Select objects: မှာ အားလုံးကို ရွေးပေးလိုက်ပါ
Select objects: (enter)

၃၄… Block Editor ကို Close လုပ်ပါ…

၃၅… Block-Changes not saved ဆိုတဲ့ Dialog box မှာ Save the change ကို Click လုပ်ပြီး block ကို Save လုပ်လိုက်ပါ…


အခု ဆိုရင် Flip Action ထည့်ထား တဲ့ Dynamic Block တစ်ခု ကို Create လုပ်ပြီး ပါပြီ..

Dynamic Block ကို Click လုပ်ကြည့်ပါ၊ Flip Action ရဲ့ အမှတ် အသား ဖြစ်တဲ့ အပြာ ရောင် မျှားခေါင်း လေးကို မြင်ရ မှာပါ၊ အဲဒီ မျှားခေါင်း လေးကို click လုပ်လိုက် ရင် ပုံလေးဟာ ဘယ်ဖက် ကနေ ညာဖက်ကို ပြောင်းသွား မှာပါ။

ဒီနေရာမှာ ကျွန်တော် ပထမဆုံး ပုံ A အတွက်ပဲ Flip Action ကို ထည့်ထားပါတယ်။ ပုံ B နဲ့ ပုံ C အတွက် မထည့် ထား ပါဘူး။ ပုံ B နဲ့ ပုံ C ကို ပြောင်းရင် Flip အဲဒီ နှစ်ပုံ က စာဖတ်သူ လုပ်ကြည့် ဖို့ အတွက် ထားခဲ့ ပါတယ်။ ရလိမ့်မယ် လို့ ထင်ပါတယ်။

အဲ... သုံးတဲ့ AutoCAD Version ပေါ်မှာ မူတည် ပြီး အပေါ်မှာ ပြထား တဲ့  ပုံတွေ နဲ့ အနည်းငယ် ကွဲပြား နိုင်ပါတယ်...

စာဖတ်သူများ Dynamic Block ကို အဆင် ပြေပြေ လုပ်နိုင်ပြီး ချောချော မွေ့မွေ့ အသုံးပြု နိုင်ကြပါစေ…

စာဖတ် သူအား လေးစား လျက်…..
နိုးအိမ်ရှင်

Wednesday, October 6, 2010

AutoCAD Tips & Tricks (ebooks)

ဒီနေ့တော့ ကျွန်တော့် ဆီမှာ ရှိနေ တဲ့ AutoCAD 2008 Tips and Tricks, AutoCAD 2009 Tips and Tricks, AutoCAD 2010 Tips and Tricks နဲ့ AutoCAD 2011 Tips and Tricks ဆိုတဲ့ ebooks လေးတွေ ကို မျှဝေ လိုက်ပါ တယ်။ အခြား စာအုပ် တွေလို စာအုပ် ထူထူ ကြီး မဟုတ် ပါဘူး။ ပြီးတော့ ရှင်းလင်းချက် လေးတွေ က အင်္ဂလိပ် လို ဆိုပေ မဲ့ လွယ်လွယ် ကူကူ ပေါ့ပေါ့ ပါးပါး လေးတွေ ဆိုတော့ အလုပ် များ ကြတဲ့ AutoCAD user တွေ အတွက် အသုံး ကျကောင်း ကျနိုင် ပါ လိမ့်မယ်။

ရယူရန်...


File Type : PDF
File Size : 5.04 MB


File Type : PDF
File Size : 4.25 MB


File Type : PDF
File Size : 5.81 MB

 
File Type : PDF
File Size : 2.39 MB

တစ်အုပ် ချင်းစီ ခွဲပြီးတော့ တင်ထား ပေးပါ တယ်။ အဆင် ပြေလိမ့် မယ် ထင် ပါတယ်။ မရရင် ပြောထား ပေးပါ။ အခြား လင့်မှာ ထပ်တင် ပေးပါ့မယ်။


စာဖတ်သူအားလေးစားလျက်...
နိုးအိမ်ရှင်

ပြောချင်တာလေးများရှိခဲ့ရင်ပေါ့.....................

Related Posts with Thumbnails

ရှာရတာ လွယ်အောင်လို့ တူရာတူရာ တွေကို ခွဲထား တာပါ ....