AutoCAD 3D

တစ်ခုခု ကို ရှာချင်ရင် ...

Wednesday, September 29, 2010

3d Car Models

ကျွန်တော် တို့ AutoCAD, 3D Studio Max, Revit, Rhinoceros,... အစရှိ သဖြင့် Rendering လုပ်တဲ့ နေရာ မှာ လူတွေ၊ သစ်ပင်တွေ၊ ကားတွေ အစရှိ သဖြင့် လှလှ ပပ ဖြစ်အောင် ထည့်ပေးပြီး လိုအပ် သလို Material တွေ Texture တွေကို Assign လုပ်ပေး ရလေ့ ရှိပါ တယ်။ ဒီလို လုပ်ရာ မှာ အများ အားဖြင့် ဓာတ်ပုံ တွေ ကနေ Photoshop (သို့) Photo editing Software တစ်ခုခုမှာ  လိုအပ် သလို ဖြတ်တောက် ပြီး  အသုံး ပြု လေ့ ရှိကြ ပါတယ်။ ဒီ နေရာ မှာ လူတွေ၊ သစ်ပင် တွေ မှာ သိပ်ပြီး မသိသာ ပေမဲ့ ကားမှာ တော့  ကိုယ်ယူတဲ့ Perspective Angle  နဲ့ ရှိနေတဲ့ ကားရဲ့ perspective Angle က တစ်ခုနဲ့ တစ်ခု ကိုက်ညီဖို့ အတော်လေး မလွယ် လှ ပါဘူး။ ကိုယ့်ဆီမှာ Rendering လုပ်နိုင်တဲ့ 3d Car လေးတွေ အဆင် သင့် ရှိနေ ရင်တော့ ကိုယ် လိုချင် တဲ့ Angle ကို လှည်ပြီး ရလာတဲ့ result ကို လိုအပ် သလို အသုံးပြု လို့ ရတာပေါ့။ ကျွန်တော့် ဆီမှာ ရှိနေတဲ့ AutoCAd format Cars လေးတွေကို မျှဝေ လိုက်ပါ တယ်။ 3D Rendering လုပ် နေတဲ့ သူတွေ အတွက် အသုံး ၀င်ပါ လိမ့်မယ်။ လိုချင် ရင်တော့ အောက်မှာ ဒေါင်းယူ နိုင်ပါ တယ်။


ရယူရန်... Audi-01
ရယူရန်... Audi-03 Bora 


ရယူရန်...Passat-01
ရယူရန်...Passat-03 


ရယူရန်...Racing01
ရယူရန်...Racing03 


ရယူရန်...Saloon-05bmw
ရယူရန်...Saloon-05bmW2


AutoCAD User များ လိုအပ် သလို အသုံး ပြု နိုင်ကြ ပါစေ.....

စာဖတ်သူ အား လေးစား လျက်.....
နိုးအိမ်ရှင်

Tuesday, September 21, 2010

3D Tower Crane Dynamic Block

ဒီနေ့တော့ ကျွန်တော် လုပ်ထား တဲ့ 3D Tower Crane Dynamic Block လေးကို မျှဝေ ချင်ပါ တယ်။ ဒီ 3D Tower Crane Dynamic Block တစ်ခု ဖြစ်ဖို့ ကျွန်တော် အဖို့ လွယ်တော့ မလွယ် ပါဘူး။ Tower Crane Catalog ကို လေ့လာ ရတယ်။ လုပ်ငန်း ခွင်ထဲ မှာ အလုပ် လုပ်ပုံ တွေ သွားကြည့် ရတယ်။ ပြီးတော့ AutoCAD ရဲ့ Dynamic Feature ထဲမှာ 3D အနေနဲ့ ရအောင် သုံးကြည့် ချင်တယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် နောက်ဆုံး တော့ အကြိမ် ပေါင်း များစွာ ကြိုးစား ပြီးတော့ ရလာ ခဲ့ ပါတယ်။ ရလာတော့ သူငယ်ချင်း တွေကို မျှဝေ ချင်လာ တယ်။ Site Planning လုပ်တဲ့ သူတွေ အထပ်မြင့် တွေ အတွက် Logistic Planning Drawing Presentation ကို 3D နဲ့ Presentation လုပ်ချင်တဲ့ သူတွေ အတွက် အသုံး ၀င်ပါ လိမ့်မယ်။ နောက် Exterior Rendering လုပ်တဲ့ သူငယ်ချင်း တွေလဲ နောက်ခံ အနေနဲ့ သုံးနိုင် ပါတယ်။
Tower Crane ရဲ့ Boom(အပေါ် မှာ ရေပြင်ညီ အတိုင်း ရှိနေတဲ့ အပိုင်း) ကို လိုချင်တဲ့ Direction ကို လှည့်ပေး နိုင်ပါ တယ်။ Mast (ထောင်လိုက် ရှိနေတဲ့ အပိုင်း) အနိမ့် အမြင့် ကိုလဲ ပြောင်းနိုင် ပါတယ်။ ပြောင်းလဲပုံ ကိုတော့ အောက်က ပုံလေး မှာ ပြထား ပါတယ်။


လုပ်ရတာ လွယ်တော့ ထွေထွေ ထူးထူး မရေးတော့ ပါဘူး။ အဆင် ပြေ လိမ့်မယ် လို့ ထင်ပါ တယ်။ လိုချင် ရင်တော့ ဒီမှာ ယူလိုက်ပါ။

စာဖတ် သူအား လေးစား လျက်...
နိုးအိမ်ရှင်

Thursday, September 16, 2010

Mastering Revit Architecture 2011 ebook



ရယူရန်...


File Type : PDF
File Size : 63.2 MB

Mastering Revit Architecture 2011 ebook ပါ။ ဒေါင်းလုပ် ချပုံကို အရင်ပိုစ့် မှာ ပြောထား ပါတယ်။ အဆင် ပြေလိမ့် မယ် ထင် ပါတယ်။ မရရင် ပြောထား ပေးပါ။ အခြား လင့်မှာ ထပ်တင် ပေးပါ့မယ်။

စာဖတ်သူအားလေးစားလျက်...
နိုးအိမ်ရှင်

Architectural Rendering with 3DS MAX & V_Ray ebook



ရယူရန်...



File Type : PDF
File Size : 45.1 MB

Architectural Rendering with 3DS MAX & V_Ray ebook ပါ။ ဒေါင်းလုပ် ချပုံကို အရင်ပိုစ့် မှာ ပြောထား ပါတယ်။ အဆင် ပြေလိမ့် မယ် ထင် ပါတယ်။ မရရင် ပြောထား ပေးပါ။ အခြား လင့်မှာ ထပ်တင် ပေးပါ့မယ်။

စာဖတ်သူအားလေးစားလျက်...
နိုးအိမ်ရှင်

Wednesday, September 15, 2010

Mastering mental ray - Rendering Techniques for 3D and CAD Professionals ebook





ရယူရန်...


File Type : PDF
File Size : 10.4 MB

Mastering mental ray - Rendering Techniques for 3D and CAD Professionals ebook ပါ။ ဒေါင်းလုပ် ချပုံကို အရင်ပိုစ့် မှာ ပြောထား ပါတယ်။ အဆင် ပြေလိမ့် မယ် ထင် ပါတယ်။ မရရင် ပြောထား ပေးပါ။ အခြား လင့်မှာ ထပ်တင် ပေးပါ့မယ်။


စာဖတ်သူအားလေးစားလျက်...
နိုးအိမ်ရှင်

Thursday, September 2, 2010

AutoCAD 2011 and 2011 LT-No Experience Required ebook


ရယူရန်...


File Type : PDF
File Size : 24.7 MB

AutoCAD 2011 and AutoCAD 2011 LT No Experience Required ebook ပါ။ ဒေါင်းလုပ် ချပုံကို အရင်ပိုစ့် မှာ ပြောထား ပါတယ်။ အဆင် ပြေလိမ့်မယ် ထင်ပါတယ်။ မရရင် ပြောထား ပေးပါ။ အခြား လင့်မှာ ထပ်တင် ပေးပါ့မယ်။

(Thi ရေ... Mediafire မှာ ပြောင်းပြီး တင်ပေးထားပါတယ်... အဆင်ပြေလိမ့်မယ် ထင်ပါတယ်...)

စာဖတ်သူအားလေးစားလျက်...
နိုးအိမ်ရှင်

ပြောချင်တာလေးများရှိခဲ့ရင်ပေါ့.....................

Related Posts with Thumbnails

ရှာရတာ လွယ်အောင်လို့ တူရာတူရာ တွေကို ခွဲထား တာပါ ....