AutoCAD 3D

တစ်ခုခု ကို ရှာချင်ရင် ...

Tuesday, August 10, 2010

Custom Dynamic Block (၁)


AutoCAD User တွေ အဖို့ Dynamic Block တွေကို မဖြစ် မနေ သုံးနေ ရမှာ ပါ။ ဒီလို သုံးရာ မှာ ကိုယ်တိုင် ပြူလုပ် ပြီး သုံးကြ တာ များပါ တယ်။ စာဖတ်သူ အနေဖြင့် ကျွှန်တော် လုပ်ထားတဲ့ Custom Dynamic Block လေးကို သုံးချင်ရင် သုံးနိုင်အောင် ဝေမျှ လိုက်ပါ တယ်။


အပေါ်မှာ ပေးထား တဲ့ ပုံလေး တွေကို လွယ်ကူစွာ Insert လုပ်နိုင် အောင် Dynamic Block တစ်ခု ထဲမှာ ထည့်ထား ပေးပါ တယ်။ ဒီ Dynamic Block ထဲမှာ ပုံမှာ ပြထား တဲ့ Figure (၂၅) ခုကို ထည့်ထား ပါတယ်။ Insert လုပ်ပြီး ရင် ပုံကို Click လုပ်လိုက်ပါ။ အပြာနု ရောင် တြိဂံ လေးကို Click လုပ်လိုက် ပါ။ အောက်က ပုံ အတိုင်း မြင်ရ မှာပါ။

List ထဲက လိုချင်တဲ့ ပုံကို ရွေးပေး လိုက်ပါ။ နောက်တစ်ပုံ လိုချင်ရင် Copy လုပ်ပြီး List ထဲက လိုချင်တဲ့ ပုံကို ထပ်ပြီး ရွေးပေး လိုက်ပါ။ Block တစ်ခုထဲမှာ (၂၅) ခု ဆိုတော့ Block (၂၅) ခု လုပ်စရာ မလိုအပ် တော့ ပိုပြီး လွယ်သွား တာပေါ့။

ဒီမှာ ယူလိုက်ပါ......

စာဖတ် သူအား လေးစား လျက်...
နိုးအိမ်ရှင်

1 comment:

  1. Blocksလေးတွေယူသွားတယ်၊လိုတဲ့အချိန် အဆင်သင့် သုံးရတာပေါ့။ကျေးဇူးအထူးတင်ရှိပါကြောင်း.ပြောပါရစေ။

    ReplyDelete

ပြောချင်တာလေးများရှိခဲ့ရင်ပေါ့.....................

Related Posts with Thumbnails

ရှာရတာ လွယ်အောင်လို့ တူရာတူရာ တွေကို ခွဲထား တာပါ ....