AutoCAD 3D

တစ်ခုခု ကို ရှာချင်ရင် ...

Tuesday, September 21, 2010

3D Tower Crane Dynamic Block

ဒီနေ့တော့ ကျွန်တော် လုပ်ထား တဲ့ 3D Tower Crane Dynamic Block လေးကို မျှဝေ ချင်ပါ တယ်။ ဒီ 3D Tower Crane Dynamic Block တစ်ခု ဖြစ်ဖို့ ကျွန်တော် အဖို့ လွယ်တော့ မလွယ် ပါဘူး။ Tower Crane Catalog ကို လေ့လာ ရတယ်။ လုပ်ငန်း ခွင်ထဲ မှာ အလုပ် လုပ်ပုံ တွေ သွားကြည့် ရတယ်။ ပြီးတော့ AutoCAD ရဲ့ Dynamic Feature ထဲမှာ 3D အနေနဲ့ ရအောင် သုံးကြည့် ချင်တယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် နောက်ဆုံး တော့ အကြိမ် ပေါင်း များစွာ ကြိုးစား ပြီးတော့ ရလာ ခဲ့ ပါတယ်။ ရလာတော့ သူငယ်ချင်း တွေကို မျှဝေ ချင်လာ တယ်။ Site Planning လုပ်တဲ့ သူတွေ အထပ်မြင့် တွေ အတွက် Logistic Planning Drawing Presentation ကို 3D နဲ့ Presentation လုပ်ချင်တဲ့ သူတွေ အတွက် အသုံး ၀င်ပါ လိမ့်မယ်။ နောက် Exterior Rendering လုပ်တဲ့ သူငယ်ချင်း တွေလဲ နောက်ခံ အနေနဲ့ သုံးနိုင် ပါတယ်။
Tower Crane ရဲ့ Boom(အပေါ် မှာ ရေပြင်ညီ အတိုင်း ရှိနေတဲ့ အပိုင်း) ကို လိုချင်တဲ့ Direction ကို လှည့်ပေး နိုင်ပါ တယ်။ Mast (ထောင်လိုက် ရှိနေတဲ့ အပိုင်း) အနိမ့် အမြင့် ကိုလဲ ပြောင်းနိုင် ပါတယ်။ ပြောင်းလဲပုံ ကိုတော့ အောက်က ပုံလေး မှာ ပြထား ပါတယ်။


လုပ်ရတာ လွယ်တော့ ထွေထွေ ထူးထူး မရေးတော့ ပါဘူး။ အဆင် ပြေ လိမ့်မယ် လို့ ထင်ပါ တယ်။ လိုချင် ရင်တော့ ဒီမှာ ယူလိုက်ပါ။

စာဖတ် သူအား လေးစား လျက်...
နိုးအိမ်ရှင်

No comments:

Post a Comment

ပြောချင်တာလေးများရှိခဲ့ရင်ပေါ့.....................

Related Posts with Thumbnails

ရှာရတာ လွယ်အောင်လို့ တူရာတူရာ တွေကို ခွဲထား တာပါ ....