AutoCAD 3D

တစ်ခုခု ကို ရှာချင်ရင် ...

Tuesday, June 15, 2010

AutoCAD အခြေခံ Command (၁) LINE

မှတ်ချက်။   ။ AutoCAD အခြေခံ Command မှာ AutoCAD ကို အခြေခံ လုံးဝ မရှိ သူများ အတွက် ရည်ရွယ် ရေးသား ထားပါ တယ်။ စာဖတ်သူ အနေ နှင့် AutoCAD ကို အကြမ်း အားဖြင့် သိထား ပြီးပြီ ဆိုရင် တော့ Command လို့ Label ရေးထား တဲ့ ပိုစ့် တိုင်းကို ဖတ်ဖို့ မလို အပ်ပါ။
LINE
Line Command ဟာ AutoCAD ကို စတင် အသုံးပြုသူတွေ အတွက် အခြေခံ လို့  ဆိုရမယ့် Command တစ်ခုပါ။ သူ့မှာ စမှတ်၊ အလယ်မှတ် နှင့် ဆုံးမှတ် ဆိုပြီး ရှိပါတယ်။ နောက်ပိုင်း မှာ ဒီ အမှတ် တွေ ကို မဖြစ် မနေ သုံးကြ ရမှာ ပါ။ Object Snap တွေ အနေ နှင့် ဆိုပါ တော့။

ကဲ စလိုက်ကြရအောင်...
AutoCAD Program ကို မဖွင့် ရသေး ရင် ဖွင့်လိုက် ပါ။ File ကို new လုပ်ပါ။ Metric unit အတွက် ဆိုရင် acadiso.dwt template ဖြစ်ပါစေ။ (British Unit အတွက် ဆိုရင် တော့ acad.dwt template ကို ရွေးပါ)။
အောက်က ပုံလေး ကို line Command သုံးပြီး ဆွဲကြည့် ရအောင် ပါ။ Command Line မှာ  Line (or) L လို့ရိုက်ပြီး enter ခေါက်ပါ။ အောက်မှာ စာလုံး စောင်းနဲ့ ပြထား တာက လုပ်ဆောင် ချက် အဆင့် ဆင့်ပါ။ အနီ ရောင် နှင့် ပြထား တာက စာဖတ်သူ ရိုက်ထည့်ရမှာပါ။ အပြာ ရောင်က AutoCAD Program က ဖေါ်ပြမှာတွေပါ။ အနက် ရောင် ကတော့ ရှင်းလင်း ညွှန်ကြား ချက် တွေပါ။ 
Command: L(enter)

LINE Specify first point: 0,0 (enter) အမှတ် (A) ကို origin (0,0) မှာ စပြီး မှတ်ထားတာပါ
Specify next point or [Undo]: (F8)ကို နှိပ်ပေးပါအမှတ် (B) mouse ကို ညာဖက်တည့်တည့်ရွေ့ပြီး 5(enter)
(အထက်၊ အောက်၊ ဘေး ဘယ်ညာ တည့်တည့်သွားအောင်  (F8)ကို နှိပ်ပေးရပါတယ်)
Specify next point or [Undo]: အမှတ် (C)mouse ကို အပေါ်တည့်တည့်ရွေ့ပြီး 5(enter)
Specify next point or [Close/Undo]: အမှတ် (D)mouse ကို ညာဖက်တည့်တည့်ရွေ့ပြီး 3(enter)
Specify next point or [Close/Undo]: အမှတ် (E)mouse ကို အပေါ်တည့်တည့်ရွေ့ပြီး 2(enter)
Specify next point or [Close/Undo]: အမှတ် (F)mouse ကို ဘယ်ဖက်တည့်တည့်ရွေ့ပြီး 8(enter)
Specify next point or [Close/Undo]: C(enter) အမှတ် (A) မှာ ဆုံးမှတ်ထားပြီး close လုပ်တာပါ


AutoCAD အခြေခံ လေ့လာ လိုသူ များ လွယ်ကူစွာ လေ့လာ နိုင်ကြ ပါစေ...
စာဖတ်သူ အား လေးစား လျက်...
နိုးအိမ်ရှင်

AutoCAD အခြေခံ Command (၂)တွင် ဆက်လက် ဖတ်ရှု ပါရန်.....

No comments:

Post a Comment

ပြောချင်တာလေးများရှိခဲ့ရင်ပေါ့.....................

Related Posts with Thumbnails

ရှာရတာ လွယ်အောင်လို့ တူရာတူရာ တွေကို ခွဲထား တာပါ ....