AutoCAD 3D

တစ်ခုခု ကို ရှာချင်ရင် ...

Saturday, June 5, 2010

XDWGFADECTL ( External Reference ၏ အထင်း အမှိန် ကို control လုပ်ခြင်း)

AutoCAD Use တွေ အနေ နှင့် External Reference တွေကို Project ကြီးတွေ မှာ မဖြစ် မနေ သုံးကြ ရပါတယ်။ အဲဒီလို သုံးကြ ရာမှာ External Reference  တွေဟာ မိမိ ဆွဲနေ တဲ့ Current Layer နှင့် အလင်း အမှောင် တူနေ တာကို မတူ အောင် လုပ် တဲ့ System Variablလေး တစ်ခု ပါ။  External Drawing Fade Control ဆိုတဲ့ XDWGFADECTL  ပါ။  External Reference ကို အလင်း အမှောင် ချိန်တဲ့ အခါ မျိုးမှာ AutoCAD User တွေ အတွက် ဒီ System Variable လေးက အသုံး ၀င်စေ မှာပါ။

Command Line မှာ XDWGFADECTL ဆိုပြီး ရိုက်ထည့် လိုက်ပါ။ ပြီးရင် မှိန်ချင် တဲ့ တန်ဖိုး ကိုပေးပါ။ System variable Range က (-90 to +90) ဆိုပြီးရှိပါတယ်။ System variable ကို (0) နှင့် (0 မှ -90 ထိ) ထားရင် ပြောင်းလဲ ခြင်း မရှိပါ။ (0 မှ +90 ထိ) အထင်း အမှိန် ပြောင်းပေး နိုင်ပါ တယ်။ ဥပမာ 10 ဆိုရင် နဲနဲမှိန်မယ်၊ 30 ဆိုရင် ပိုပြီး မှိန်မယ်၊ 90 ဆိုရင် တော့ အများ ကြီး မှိန်သွား မှာပေါ့။ စာဖတ် သူရဲ့ လိုအပ် ချက်နဲ့ လိုအပ် သလို ချိန်ဆ နိုင်ပါ တယ်။
(ကျွှန်တော် ရေးခဲ့ ပြီးတဲ့ LAYLOCKFADECTRL နှင့် သဘောသဘာဝ တူပါ တယ်)

AutoCAD User များ external reference တွင် လိုအပ် သလို အထင်း အမှိန် ချိန်ဆ နိုင်ပါ စေ.....

စာဖတ်သူ အား လေးစား လျက်.....
နိုးအိမ်ရှင်

No comments:

Post a Comment

ပြောချင်တာလေးများရှိခဲ့ရင်ပေါ့.....................

Related Posts with Thumbnails

ရှာရတာ လွယ်အောင်လို့ တူရာတူရာ တွေကို ခွဲထား တာပါ ....