AutoCAD 3D

တစ်ခုခု ကို ရှာချင်ရင် ...

Saturday, June 5, 2010

FILEDIA (File Display Dialog Box ပျောက်သွားရင်....)

ဒီပို့စ်မှာ တော့ AutoCAD User တွေ အတွက် တစ်ခါ တစ်ရံ မှာ ဖြစ်တက် တဲ့ File နဲ့ ပါတ်သက် တဲ့  System variable လေး အကြောင်း ပါ။ နေ့စဉ် နေ့တိုင်း File တွေကို Open လုပ်ရင်  အောက်မှာ ပြထား တဲ့ File Display Dialog Box လေးက ပေါ်နေ ကျပါ။

တစ်ခါ တစ်လေ တော့ ကိုယ်တော် ချောက ပေါ်မ လာဘဲ အောက်မှာ ပြထား သလို Command line မှာ ပေါ်လာ တက်ပါ တယ်။ 


Path တွေ မှန်အောင် ရိုက်ထည့် ဖို့ ဆိုတာက လေး ငါး ပုံမှာ မခက် ပေမဲ့ လေး ငါး ထောင် မှာတော့ ထင်သ လောက် မလွယ် တော့ပါ။ ဒီလို ဖြစ်ရ တာက  (File Display Dialog Box ) FILEDIA ရဲ့ System Variable ပြောင်းသွား လို့ပါ။ Command Line မှာ FILEDIA လို့ ရိုက်ထည့် ပြီး 1 ကို ပြောင်းပေး လိုက်ပါ။

Command: FILEDIA(enter)
Enter new value for FILEDIA <0>: 1(enter)

AutoCAD User များ File Display Dialog Box ပျောက်ခြင်း ကင်းပါ စေ.....
စာဖတ်သူ အား လေးစား လျက်.....
နိုးအိမ်ရှင်

No comments:

Post a Comment

ပြောချင်တာလေးများရှိခဲ့ရင်ပေါ့.....................

Related Posts with Thumbnails

ရှာရတာ လွယ်အောင်လို့ တူရာတူရာ တွေကို ခွဲထား တာပါ ....