AutoCAD 3D

တစ်ခုခု ကို ရှာချင်ရင် ...

Tuesday, June 8, 2010

Cycle on လေး သုံးကြည့် ရအောင်.....

AutoCAD User တွေအနေနဲ့ Object တွေကို Select လုပ်တာ ကတော့ နေစဉ် လုပ်နေ ကြပါ၊ ဒီလို သုံးတဲ့ အခါ တစ်ခါ တစ်ရံမှာ တစ်ခုထက် မကတဲ့ Object တွေ တစ်နေရာ တည်းမှာ ထပ်နေ ကြရင် လိုချင် တဲ့ Object ကို ဘယ်လို ရွေးကြ မလဲ။ Click လုပ်တိုင်း မှာ အပေါ်မှာ ရှိတဲ့ Object ကိုချည်း ရွေးနေ လို့ ခေါင်းစား နေရင် Cycle on လေး သုံးကြည့် ပါ။ သုံးရ တာလဲ လွယ်ပါ တယ်။
အပေါ်ကပုံမှာ အနီရောင်နှင့် ပြထား တဲ့ နေရာ မှာ Object တွေက ထပ်နေပါတယ်။ အဲဒီလို ထပ်နေတဲ့ Object တွေပေါ်မှာ Click လုပ်ကြည့်ပါ။ လိုချင်တာ မဟုတ် သေးဘူး ဆိုရင် Shift+Spacebar ကို နှိပ်ထား ပြီး ထပ်နေ တဲ့ နေရာ မှာ Click လုပ်ပေး မယ် ဆိုရင် တစ်ခု ခြင်း ဆီကို ပုံမှာ ပြထား သလို ပြောင်းပြီး Select လုပ်ပေး သွားမှာ ပါ။

AutoCAD User များ လိုအပ်တဲ့ Object ကို လွယ်ကူစွာ Select လုပ်နိုင်ကြပါစေ.....
စာဖတ်သူ အား လေးစားလျက်.....
နိုးအိမ်ရှင်

No comments:

Post a Comment

ပြောချင်တာလေးများရှိခဲ့ရင်ပေါ့.....................

Related Posts with Thumbnails

ရှာရတာ လွယ်အောင်လို့ တူရာတူရာ တွေကို ခွဲထား တာပါ ....