AutoCAD 3D

တစ်ခုခု ကို ရှာချင်ရင် ...

Tuesday, May 25, 2010

AutoCAD 3D (၁) မိတ်ဆက် (သွေးပူ လေ့ကျင့်ခန်း)

မြန်မာ Blog တွေ တစ်ခုပြီး တစ်ခု ပေါ်လာတာ တွေ့ရတော့ ၀မ်းသာ မိပါတယ်။ အခုအချိန် ကျွှန်တော်လဲ အလုပ် အားနေတာ ကြောင့် အကျိုးပြု Blog လေး တစ်ခု ရေးဘို့ စဉ်းစား မိတယ်။ (စောစော စီးစီး ရိုးသားစွာ ၀န်ခံ ထားတာပါ)။ အဓိက ရေးမှာ က AutoCAD အကြောင်း ပါ။ AutoCAD မှာ AutoCAD 3D, AutoCAD 2D, AutoCAD BASIC နှင့် AutoCAD Tics_Tricks  ဆိုပြီး အပိုင်း တွေ ခွဲပြီး တင်ပြ ပေးသွား မှာပါ။

အရင်ဦးဆုံး AutoCAd 3D ကို စပြီးသွားလိုက်ကြရအောင်

AutoCAD 3D ဆိုတဲ့ခေါင်းစဉ်အောက်မှာ
Isometric Drawing (3D အစစ်မဟုတ်ပါ)
Wire Frame Modeling (wire Frame တွေနဲ့တည်ဆောက်ထားတဲ့ 3D)
Surface/Regions Modeling (Surface တွေ Region တွေနဲ့ တည်ဆောက်ထားတဲ့ 3D)
Solid Modeling (Solid Object တွေနဲ့ တည်ဆောက်ထားတဲ့ 3D) ဆိုပြီး ရှိပါတယ်။

အပေါ်မှာပြခဲ့တဲ့ စနစ်တွေက ပုံတွေကို မတူညီတဲ့ နည်းစနစ်တွေနဲ့ 3Dအဖြစ် ဆွဲတာပါ။ 3Dကို မသွားခင် စာဖတ်သူ အနေနဲ့ 2D ကို သိပြီး ပြီလို့ ယူဆပြီး ဒီပို့စ်ကို ရေးတာပါ။ (2D အကြောင်းလဲ အဆင်သင့်သလို ရေးသွားပေးပါ့မယ်)
ပြောရမယ်ဆိုရင် 2D ဆိုတာ X နှင့် Y သာရှိတဲ့ Drawing ကို ခေါ်တာ 3D ဆိုတာ X,Y နှင့် Z ပါ ရှိတဲ့ Drawing ကိုခေါ်တာ Isometric ဆိုတာ X နှင့် Y သာရှိပြီး 3D ကဲ့သို့ မြင်အောင် ဆွဲထားတဲ့ Drawing ကို ခေါ်တာ တွေကို သိပြီး ဖြစ်ဘို့ လိုပါတယ်။ နောက်ပြီးတော့ UCS ဆိုတာ User Coordinate System, WCS ဆိုတာ World Coordinate System, Plan ဆိုတာ အကြမ်း အားဖြင့် အပေါ် တည့်တည့်မှ အောက်ကို တည့်တည့် ကြည့်တဲ့ပုံ, Elevation ဆိုတာ ဘေးတည့်တည့် မှကြည့်တဲ့ပုံ, အစရှိတဲ့ အခြေခံ သိသင့်တာ လေးတွေ သိထားပြီး ဖြစ်မယ်လို့ ယူဆ ပြီးတော့ 3Dနှင့် ပါတ်သက်တာ လေးတွေကို အပိုင်းလေးတွေ ခွဲပြီး ရေးပေး သွားမှာပါ။
Isometric (3D အစစ်မဟုတ်) တစ်ခု လောက် စပြီး ဆွဲကြည့် ကြရင်း သွေးပူ လေ့ကျင့် ခန်းလေး လုပ်ရ အောင်။
အပေါ်မှာ ပြထား တာက Isometric ကို 2D မှာ ဆွဲထား တာပါ။ စာဖတ်သူ အနေနှင့် အလွန် လွယ်ကူစွာ ဆွဲနိုင်မှာပါ။ သာမန် ကြည့်မယ် ဆိုရင်တော့ ပုံကပြည့်စုံ နေတာပေါ့။ တကယ်လို့ များ ဘလောက်တုံး ရဲ့ အမြင့်ကို၊အလျားကို ၊အနံကို၊ စသဖြင့် တစ်ခုခုမှာ ပြင်ချင် ရင် အားလုံး မှာ လိုက်ပြင် ဖို့ လိုအပ် ပါတယ်။ 3D အစစ် ဆိုရင် တော့ လိုက်ပြင် ဖို့ မလို အပ်ပဲ အလို အလျှောက် ပြင်သွား ပါတယ်။ ဘာဘဲ ဖြစ်ဖြစ်ပေါ့ ပြန်ပြီး လေ့ကျင့်တဲ့  အနေနှင့် Isometric Drawing လေး တစ်ပုံလောက် စပြီးတော့ ဆွဲကြည့် ကြရ အောင်။ သိပြီးသား ဆိုရင်တော့ ဒီအပိုင်းကို ကြည့်ဖို့ မလို အပ်ပါ။
Isometric Drawing ကိုဆွဲရင် ၃၀ ဒီဂရီ အစောင်း မျဉ်းကြောင်း တွေနှင့် ဆွဲရ ပါတယ်။ ဒီနေရာမှာ AutoCAD မှ Isoplane ဆိုတဲ့ Command ကို သုံးပြီး Top, Left, Right စသဖြင့် လိုအပ်သလို ပြောင်ပြီး ဆွဲသွားရမှာပါ။
Command: Isoplane (enter)
Current Isoplane: Left
Enter Isometric plane setting [Left/Top/Right] :T(enter)
Current Isoplane: Top
ဒီ Command ကို လိုအပ်သလို သုံးပြီး ဆွဲသားခြင်းဖြင့် Isometric Drawing တစ်ခု ဆွဲသား နိုင်မှာပါ။ (F5 ကို နှိပ်ပြီး လဲ ပြောင်းနိုင် ပါတယ်)

ကဲ စပြီးတော့ဆွဲလိုက်ကြရအောင်................

၁ ..... File ကို acad.dwt ဖြင့် New လုပ်လိုက်ပါ။
၂ ..... command: DDRMODES (Enter)
၃ ..... ဘေးမှပြထားတဲ့ Dialog Box မှာရှိတဲ့ Isometric Snap နေရာမှာ Check လုပ်ပါ။
၎ ..... OK ကို Click လုပ်ပါ။
၅ ..... Cross Hair Cursor ပုံစံ ပြောင်း သွားတာ တွေရ ပါမယ်။
(Left Isoplane)
၆ ..... Command: L(enter)
၇ ..... Line ကိုသုံးပြီး Left Isoplane မှာ ဆွဲပါ။
* လိုအပ်ရင် F8 (ortho on/off) နှင့် F3 (osnap on/off)ကို သုံးပါ။
၈ .....Left Isoplane ပြီးပါက F5 ကိုနှိပ်ပြီး Top Isoplane မှာ ဆွဲပါ။
၉ ..... Top Isoplane ပြီးပါက F5 ကိုနှိပ်ပြီး Right Isoplane မှာ ဆွဲပါ။
၁၀ .... ပြီးရင် Left နှင့် Right Isoplane မှာ Ellipse များကို ဆွဲခြင်းဖြင့် Isometric Drawing တစ်ခုကို လွယ်ကူစွာ ဆွဲနိုင် ပါလိမ့်မယ်။
* 2D နှင့်ဆွဲရမှာမို့ အသေးစိတ်တွေ ရှင်းမပြတော့ပါ။
စာဖတ်သူ အား လေးစား လျှက်.....
နိုးအိမ်ရှင်
AutoCAD 3D (၂) တွင် ဆက်လက် ဖတ်ရှု ပါရန်..........

No comments:

Post a Comment

ပြောချင်တာလေးများရှိခဲ့ရင်ပေါ့.....................

Related Posts with Thumbnails

ရှာရတာ လွယ်အောင်လို့ တူရာတူရာ တွေကို ခွဲထား တာပါ ....