AutoCAD 3D

တစ်ခုခု ကို ရှာချင်ရင် ...

Thursday, May 27, 2010

AutoCAD 3D (၂) Coordinate System ကို လေ့လာ ကြရအောင်

ဒီနေ့တော့ 3D ဆွဲသား ရာမှာ မသိ မဖြစ် သိထား ရမဲ့ 2D & 3D Coordinate System နှင့် Direction of Rotation အကြောင်းကို သွားပါ မယ်။ 2D ဆွဲသားရာမှာ X နှင့် Y ကို သူတို့ နှင့် သက်ဆိုင်ရာ အပေါင်း တန်ဖိုး အနှုတ် တန်ဖိုး တွေကို သိထားဖို့ လိုပါ တယ်။ မိမိရဲ့ ညာဘက် လက်ဖ၀ါး လေးကို အောက်မှာ ပြထားတဲ့ အတိုင်း ကြည့်လိုက် ပြီး 2D Coordinate System ကို အောက်မှာ ပြထား တဲ့ အတိုင်း အလွယ် အကူ သိနိုင် ပါတယ်။ လက်မ ညွှန်ရာက X (+အပေါင်း)၊ လက်ညှိုး ညွှန်ရာက Y (+အပေါင်း) ပါ။ ပြောင်းပြန် ညွှန်ရာ တွေက (- အနှုတ်) တွေပါ။



စာဖတ်သူ အား လေးစား လျှက်.....
နိုးအိမ်ရှင်
AutoCAD 3D (၃) တွင် ဆက်လက် ဖတ်ရှု ပါရန်..........
ဒီတစ်ခါ 3D Coordinate System ကိုကြည့်ရအောင်။ မိမိရဲ့ ညာဘက် လက်ဖ၀ါး လေးကို အောက်မှာ ပြထား သလို ကြည့်လိုက် ပါက 3D Coordinate System ကို အလွယ် အကူ သိနိုင် ပါတယ်။ လက်မ ညွှန်ရာက X (အပေါင်း)၊ လက်ညှိုး ညွှန်ရာက Y (အပေါင်း)၊ လက်ခလယ် ညွှန်ရာက Z (အပေါင်း) ပါ။ ပြောင်းပြန် ညွှန်ရာ တွေက အနှုတ်တွေပါ။ AutoCAD ရဲ့ UCS Icon မှာ သုံးထာ တဲ့ X,Y,Z အရောင် တွေဟာ RGB လို့ခေါ်တဲ့ colour System (Red, Green & Blue) ကို သုံးထားတယ် ဆိုတော့ အလွယ် တကူ မှတ်မိ နိုင်မှာပါ။ ပီးတော့ 3D ဆွဲသား ရာမှာ Direction ဘယ်လို သွားတယ် Rotation ဘယ်လို လည်တယ် ဆိုတာလဲ သိထားဖို့ လိုပါတယ်။ ဒီလို အလွယ် တကူ သိဖို့ အတွက် ခဲတံ တစ်ချောင်း ကို ခဲသား (အချွှန်ဖက်) က မိမိ ညာဘက် လက်ရဲ့ လက်မ ဖက်မှာ ထားပြီး ဆုပ်ကိုင် လိုက်ပါ။ လက်မ ညွှန်ရာက သက်ဆိုင် ရာ Axis ရဲ့ (+) အပေါင်း တန်ဖိုး Direction ဖြစ်ပြီး လက်ချောင်း ကလေးတွေ ညွှန်ရာ က Rotation ဖြစ်ပါတယ်။

အထက်မှာ ပြောသွား တာတွေ အားလုံး ဟာ မိမိရဲ့ ညာဖက် လက်ကို အခြေခံ ပြီး ရှင်းပြ ထားတာ ဖြစ်လို့ မမှတ်မိ စရာ မရှိ နိုင်ဘူး လို့ ထင်ပါ တယ်။ 3D ကို အလွယ် ကူဆုံး နှင့် အလျင် မြန်ဆုံး တက်ဖို့ အထက်ပါ အခြေခံ တွေဟာ အတိုင်း အတာ တစ်ခု အထိ အထောက် အကူ ပေးသွား မှာပါ။

1 comment:

  1. 3D အကြောင်း စတင်လေ့လာသွားပါတယ်။အခြေခံ ကျကျရေးထားတော့ လေ့လာရတာ အဆင်ပြေပါတယ်။

    ReplyDelete

ပြောချင်တာလေးများရှိခဲ့ရင်ပေါ့.....................

Related Posts with Thumbnails

ရှာရတာ လွယ်အောင်လို့ တူရာတူရာ တွေကို ခွဲထား တာပါ ....