AutoCAD 3D

တစ်ခုခု ကို ရှာချင်ရင် ...

Thursday, May 27, 2010

AutoCAD 3D (၃) Wire frame ဖြင့် 3D ဆွဲသားခြင်း

ဒီနေ့တော့ Wire Frame ဖြင့် 3D ဆွဲသားခြင်း အကြောင်း ရှင်းပြ ပါမယ်။ AutoCAD ကို ဖွင့်ပါ။ File ကို New လုပ် လိုက်ပါ။ အရင်ဆုံး 3D View ကို ပြောင်းဖို့ Command line မှာ -vp လို့ ရိုက်ထည့် ပြီး Enter ခေါက်ပါ။
Command: -vp (enter)
VPOINTCurrent view direction: VIEWDIR=0.0000,0.0000,1.0000
Specify a view point or [Rotate] <display compass and tripod>: -1,-1,1(enter)
Regenerating model.

3D View ကို ရောက်သွားပါပြီ။ ပုံမှာ ပြထား သလို UCS Icon ဟာ ပြောင်းသွား ပါပြီ။ ဒါဟာ စာဖတ်သူ အနေနဲ့ 3D ထဲကို ၀င်ရောက် နေပြီလို့ ပြထား တာပါ။ ကဲ 3D Wire frame လေး စဆွဲ ကြည့် ရအောင်။ လွယ်ကူအောင် Line Command က စဆွဲ ကြရ အောင်။ Command line မှာ L လို့ ရိုက်ထည့် ပြီး Enter ခေါက်ပါ။ ပြီရင် အောက်မှာ အနီရောင် ဖြင့် ပြထားတဲ့ အတိုင်း ဆက်ပြီး ရိုက်ထည့်ပါ။
Command: L (enter)
LINE Specify first point: 0,0 (enter)
Specify next point or [Undo]: @2<180(enter)
Specify next point or [Undo]: @3<90(enter)
Specify next point or [Close/Undo]: @2<0(enter)
Specify next point or [Close/Undo]: @3<90(enter)
Specify next point or [Close/Undo]: @6<0(enter)
Specify next point or [Close/Undo]: @3<270(enter)
Specify next point or [Close/Undo]: @2<0(enter)
Specify next point or [Close/Undo]: @3<270(enter)
Specify next point or [Close/Undo]: @2<180(enter)
Specify next point or [Close/Undo]: @2<270(enter)
Specify next point or [Close/Undo]: @4<180(enter)
Specify next point or [Close/Undo]: c (enter)
Drawing ကို Base.dwg ဖြင့် Save လုပ်ပါ။ ပြီရင် ဆွဲထားတဲ့ line အားလုံးကို Copy ကူးပါမယ်။ Command line မှာ L လို့ ရိုက်ထည့် ပြီး Enter ခေါက်ပါ။ ပြီရင် အောက်မှာ အနီရောင် ဖြင့် ပြထားတဲ့ အတိုင်း ဆက်ပြီး ရိုက်ထည့်ပါ။
Command: co(enter)
COPY
Select objects: all(enter)
12 foundSelect objects: (enter)
Current settings: Copy mode = Multiple
Specify base point or [Displacement/mOde] <Displacement>: 0,0(enter)
Specify second point or <use first point as displacement>: 0,0,3(enter)
Specify second point or [Exit/Undo] <Exit>:(enter)
အားလုံးကို Copy ကူးပြီးရင် Line Command နဲ့ ပုံမှာ အနီရောင် နဲ့ပြထားတဲ့ Vertical line တစ်လိုင်း ဆွဲပါ။ အဲဒီ လိုင်း ကို ပုံမှာ အစိမ်း ရောင် နဲ့ ပြ ထားတဲ့ နေရာများ အတိုင်း Copy ကူးပါ။

ာဖက်သူဟာ အရိုး ရှင်းဆုံး အလွယ် ကူဆုံး 3D Wire Frame Model တစ်ခုကို တည်ဆောက် ပြီးသွား ပါပြီ။ Command Line မှာ Hi လို့ ရိုက်ထည့် လိုက်ပါ။ ပုံမှာ ပြောင်းလဲခြင်း မရှိပါဘူး။ ဒါဆို 3D လို့ ဘယ်လို ပြောနိုင် မလဲ။ လွယ်ပါတယ် Command line မှာ orbit လို့ ရိုက်ထည့် ပြီး Enter ခေါက်ပါ။ Mouse ကို Click ဖိထားပြီး ဘယ်ညာ ရွေ့ပေးရင် အောက်ကပုံမှာ မြင်ရ မှာပါ။


drawing ကို Wire Frame.dwg နဲ့ Save လုပ်ပါ။ File Close လုပ်ပါ။ အပေါ်မှာ save လုပ်ထားခဲ့တဲ့ Base.dwg ကို ပြန်ဖွင့်ပါ။ Object အားလုံးကို Select လုပ်ပါ။ Ctrl+1 ကို နှိပ်ပြီး Properties Dialog မှ General ထဲမှ Thickness တန်ဖိုးတွင် 3 ကို ထည့်ပေး ခြင်းဖြင့် အောက်ပါ ပုံကို လျင်မြန်စွာ ရရှိ စေမှာ ဖြစ်ပါတယ်ပြီးရင် Command Line မှာ Hi လို့ ရိုက်ထည့် ကြည်ပါက အောက်ပါပုံ အတိုင်းHidden line တွေကို ဖျောက်ပေးမှာ ဖြစ်ပါတယ်။3D Wire Frame Model နှစ်ခုရဲ့ ကွာခြားချက် ကလေး တစ်ခုပါ။ Orbit Command နှင့်လည်း အပေါ်မှာ ပြခဲ့ သလို လှည့်ပြီး ကြည့်နိုင် ပါတယ်
စာဖတ်သူ ကို လေးစား လျက်.....
နိုးအိမ်ရှင်
AutoCAD 3D (၄) တွင် ဆက်လက် ဖတ်ရှုပါ..........

No comments:

Post a Comment

ပြောချင်တာလေးများရှိခဲ့ရင်ပေါ့.....................

Related Posts with Thumbnails

ရှာရတာ လွယ်အောင်လို့ တူရာတူရာ တွေကို ခွဲထား တာပါ ....