AutoCAD 3D

တစ်ခုခု ကို ရှာချင်ရင် ...

Saturday, May 29, 2010

Multi-Column MTEXT

AutoCAD ၂၀၀၈ မတိုင်ခင်မှာ MTEXT မှာ Column တွေ ခွဲလို့ မရ သေးပါ။ ၂၀၀၈ မှ အစ ပြုပြီး MTEXT မှာ Column တွေ ခွဲလို့ ရလာ ပါတယ်။ ဒီလို Column တွေ ခွဲလို့ ရလာ တော့ AutoCAD သမားတွေ အတွက် စာတွေ ရေးသား ရာမှာ ပိုမို ချောမွေ့ လာစေ ပါတယ်။ Column တွေ ခွဲရာ မှာလည်း Dynamic နှင့် Static ဆိုပြီး နှစ်မျိုး ခွဲခြား အသုံး ပြုနိုင် ပါတယ်။

စာဖတ်သူ အနေ နှင့် လက်တွေ့ လုပ်ကြည့် ချင်တယ် ဆိုရင် တော့ Column ခွဲချင်တဲ့ MTEXT ကို Double Click လုပ်ပါ။ Text အားလုံး ကို select လုပ်ပါ။ ပြီးရင် ပုံတွေ မှာ ပြထား သလို Dynamic နှင်. Static တွေ အနေနှင့် Column တွေကို လွယ်ကူစွာ ခွဲနိုင် ပါတယ်။


Dynamic ကို သုံးမယ် ဆိုရင် တော့ Manual Height ကို သုံးရ တာ ပိုပြီး တော့ အဆင် ပြေပါ တယ်။ အနီ ရောင် နှင့် ပြထား တာက  MTEXT Dialog မှာ လုပ်ရမဲ့ အဆင့် လေးတွေ ပါ။ အစိမ်း ရောင် ကတော့ Column Width ဖြစ်ပြီး အ၀ါ ရောင် ကတော့ Column Height ပါ။
Static Columns ကတော့ Column အရည်အတွက် ဘယ် နှစ်ခု ခွဲချင်တာ ကို လွယ်ကူ စွာ ရွေးချယ် နိုင်ပါ တယ်။ အနီ ရောင် နှင့် ပြထား တာက MTEXT Dialog မှာ လုပ်ရမဲ့ အဆင့် လေးတွေ ပါ။

AutoCAD မှာ Column လေးတွေ ခွဲပြီး အဆင် ပြေနိုင် ကြပါ စေ......
စာဖတ်သူ အား လေးစား လျက်.....
နိုးအိမ်ရှင်


No comments:

Post a Comment

ပြောချင်တာလေးများရှိခဲ့ရင်ပေါ့.....................

Related Posts with Thumbnails

ရှာရတာ လွယ်အောင်လို့ တူရာတူရာ တွေကို ခွဲထား တာပါ ....