AutoCAD 3D

တစ်ခုခု ကို ရှာချင်ရင် ...

Sunday, May 30, 2010

MTEXTတွင် Stack (Super, Sub) လုပ်ရအောင်

AutoCAD User တွေ အနေ နဲ့  MTEXT မှာ Superscript, Subscript အစ ရှိတာ တွေကို ထည့်ဖို့ လိုအပ် မှာပါ၊ အဲဒီ လို အချိန် မျိုးမှာ အတော်ပဲ ခေါင်းရှုပ် ရပါ တယ်။ ဥပမာ အောက်က ပုံလို စာမျိုး တွေပေါ့။

ဒီလို စာမျိုးတွေ ရိုက်ဖို့ MTEXT မှာ ရှိတဲ့ Stack ကို သုံးနိုင်ပါတယ်။ Command Line မှာ MTEXT လို့ ရိုက်လိုက် ပါ။ T ဆိုရင် လဲ ရပါ တယ်။ ပြီးရင် Screen ပေါ် ရိုက်လို တဲ့ နေရာ မှာ Click လုပ်ပါ။ W (enter) ရိုက်ပါ။ 0(သုံည) ရိုက်ပါ။ ဆိုလို တာက Width ကို 0(သုံည) ထားတာ ပါ။



ပြီးရင် ဘယ်ဖက် မှာ ပြထား သလို ရိုက်ထည့် ပါ။ အ၀ါ ရောင်နှင့် ပြထား တဲ့ စာလုံး တွေကို တစ်ခုချင်း select လုပ်ပြီး အနီ ရောင် ပြထား တဲ့ stack ကို Click လုပ်လိုက် လျင် ညာဖက် မှာ ပြထား သလို Superscript နှင့် Subscript လေးတွေ ကို ရရှိ စေမှာ ဖြစ်ပါ တယ်။ အကယ်၍ မပေါ်လာပါက အ၀ါ ရောင်နှင့် ပြထား တဲ့ စာလုံး တွေကို select လုပ်ပြီး right click ကို နှိပ်ပြီး အောက်က ပုံမှာ ပြထား သလို Stack ကို Click လုပ်ခြင်းဖြင့် Superscript, Subscript လေးတွေ ပေါ်လာပါလိမ့်မယ်။


Stack Proper ties တွေကို တစ်ခါ တစ်ရံ ကြီးချင် သေးချင်တာ ရှိနိုင် ပါတယ်။ စာဖက်သူ ကြိုက်ရာပြောင်း နိုင်ဖို့ Stack Properties Dialog Box ကလေး မှာ ပြင်ပေး နိုင်ပါ တယ်။ Stack Properties Dialog Box ပေါ်လာ ရန် အောက်က ပုံမှာ ပြထား သလို အ၀ါ ရောင် ပြထားတဲ့ စာလုံး တွေကို တစ်ခုချင်း select လုပ်ပြီး right click ကို နှိပ်ပြီး အောက်က ပုံမှာ ပြထား သလို Stack Properties ကို Click လုပ်ခြင်းဖြင့်  ဘေးမှာပြထားတဲ့ Stack Properties Dialog Box ပေါ်လာပါလိမ့်မယ်။


Stack Properties Dialog Box မှာ စာဖက်သူ ကြိုက် သလို  ကြီးချင် သေးချင် တာ ပြောင်း ပေးနိုင် ပါတယ်။

AutoCAD User များ Superscript, Subscript လေးတွေ အဆင် ပြေပြေ ထည့်နိုင် ကြပါ စေ.....
စာဖတ်သူ အား လေးစားလျက်.....
နိုးအိမ်ရှင်


No comments:

Post a Comment

ပြောချင်တာလေးများရှိခဲ့ရင်ပေါ့.....................

Related Posts with Thumbnails

ရှာရတာ လွယ်အောင်လို့ တူရာတူရာ တွေကို ခွဲထား တာပါ ....